Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey MBIT Test MBTI Level 1 MBTI Level 2 MBTI Level 3 EQ Test EQ TestEQ Test
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy
Labour Law

၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်း အက်ဥပဒေ
Employment Census Act, 1948

ဥပဒေအမှတ် ၅၄ (၁၉၄၈)
၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်
Back to Law

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေညာ သည်။
အလုပ်သမားများနှင့် ပတ်သက်၍ အချို့စာရင်းစစ်တမ်းကောက်ယူရန် လွယ်ကူစိမ့်သောငှါ၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ဖြင့်၊ ပြဋ္ဌာန်းလိုက်သည်။

ပုဒ်မ ၁
အမည်တို၊ တည်ရာနယ်အဝှမ်းနှင့် စတည်ရန်နေ့ရက်
(၁) ဤအက်ဥပဒေကို အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်းအက်ဥပဒေဟူ၍ ခေါ်ရမည်။
(၂) ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးနှင့် သက်ဆိုင်ရမည်။
(၃) ဤအက်ဥပဒေ စ၍ အာဏာတည်ရန်အလို့ငှါ၊ နိုင်ငံတော်သမတက အခါကာလအားလျော်စွာ အမိန့်ကြော် ငြာစာ ထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့် နယ်များနှင့်နေ့ရက်တွင်အာဏာတည်စေရမည်။
ပုဒ်မ ၂
အဓိပ္ပါယ်ဖေါ်ပြချက်

ဤအက်ဥပဒေတွင် “ပြဋ္ဌာန်းသည်” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ပြုလုပ်သည့် နည်းဥပဒေများ တွင်ဖြစ်စေ၊ ထိုနည်းဥပဒေများအရ ပြဋ္ဌာန်းသည့် ပုံစံတခုခုတွင်ဖြစ်စေ၊ ပြဋ္ဌာန်းသည်ကို ဆိုလိုသည်။

ပုဒ်မ ၃
စာရင်းစစ်တမ်းကောက်ယူခြင်း

နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ကြော်ငြာ၍၊ ထိုအမိန့်ကြော်ငြာစာတွင် သီးခြားဖေါ်ပြသည့် နေရာများတွင်၊ အလုပ်သမားများ အကျိုးတိုးပွါးရေးမှစ၍၊ အလုပ်သမားများ၏ အလုပ်အကိုင် အခြေအနေများနှင့်ဆိုင်သမျှ ကိစ္စများကို စာရင်းကောက် ယူရန်ဆင့်ဆိုနိုင်သည်။ ထိုကိစ္စများတွင်၊ အထူးသဖြင့် အောက်ပါတို့လည်းပါဝင်သည်—

(၁) အသုံးအဆောင်ပစ္စည်းစျေးနှုန်းများ၊
(၂) အလုပ်ဆင်းသူ၊ မဆင်းသူ၊
(၃) နေရေး၊ ထိုင်ရေးအခြေအနေများ၊ ဤအချက်တွင်နေအိမ်စီမံပေးရေး၊ ရေပေး ရေးမှစ၍ သန့်ရှင်းစင် ကြယ်ရေးလည်းပါဝင်သည်။
(၄) ကြွေးမြီတင်ရှိခြင်း၊
(၅) နေအိမ်ငှါးရမ်းခများ၊
(၆) လုပ်ခများနှင့် အခြားဝင်ငွေများ၊
(၇) အိုနာစာရံပုံငွေနှင့် အခြားရံပုံငွေများ၊
(၈) အကျိုးခံစားခွင့်များနှင့် အခြားသက်သာခွင့်များ၊
(၉) အလုပ်ချိန်နာရီများ၊
(၁၀) အလုပ်လက်ရှိနှင့်အလုပ်လက်မဲ့၊
(၁၁) လုပ်ကိုင်ရေးငြင်းခုန်မှုများ၊ ဤအချက်တွင်အလုပ်ရပ်စဲခြင်းကြောင့် ဖြစ်စေ၊ အလုပ်ရုံပိတ်ထား ခြင်းကြောင့် ဖြစ်စေ၊ ထိခိုက်နစ်နာသည့် အလုပ်သမားဦးရေနှင့်၊ အလုပ်မလုပ်ရ၍ ဆုံးရှုံးရသည့်နေ့ရက် များပါဝင်သည်။
(၁၂) ဖျားနာခြင်း၊
(၁၃) အလုပ်သမားဦးရေနှင့် လုပ်သားအမျိုးအစား၊
(၁၄) အားလပ်ခွင့်နှင့် အလုပ်ပိတ်ရက်များ၊
(၁၅) ကုန်ထွက်စွမ်းရည်၊

ထို့ကြောင့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည်၊ ဤကဲ့သို့ ကောက်ယူသော စာရင်းစစ်တမ်းများနှင့် လည်းသက်ဆိုင်ရမည်။

ပုဒ်မ ၄
စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်ခန့်ခြင်း

နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေအရ စာရင်းစစ်တမ်းကောက်ယူရန်ကိစ္စအလို့ငှါ၊ အရာရှိ တဦးကို စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်အဖြစ်ခန့်ထားနိုင်သည်။

ပုဒ်မ ၅
စာရင်းချုပ်များနှင့် အကြောင်းအရာများ တောင်းယူရန် စာရင်းကောက်ယူရေး အာဏာပိုင်၏ အာဏာ
(၁) စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်သည်၊ ပြဋ္ဌာန်းသည့် အချိန်ကာလအပိုင်းအခြားတွင်၊ ပြဋ္ဌာန်းသည့် ပုံစံဖြင့် ပြဋ္ဌာန်းသည့် အကြောင်းအရာများပါဝင်သော၊ စာရင်းကောက်ယူမည့် ကိစ္စတစုံတ ရာနှင့် ပတ်သက်သော အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်ကို ပြဋ္ဌာန်းသည့်နည်းလမ်းဖြင့်၊ ပြဋ္ဌာန်းသည့်အချိန်များ၌၊ ပြဋ္ဌာန်းသည့် အာဏာပိုင်ထံ၊ သို့တည်းမဟုတ် ပြဋ္ဌာန်းသော သူထံတင်သွင်း ရန်၊ တဦးတယောက်သောသူသို့ နို့တစ်စာချအပ်၊ သို့တည်းမဟုတ် ချအပ်စေနိုင်သည်။
(၂) ပုဒ်မခွဲ (၁) တွင်ရည်ညွှန်းထားသည့်နို့တစ်စာကို စာတိုက်မှ ချအပ်နိုင်သည်။
ပုဒ်မ ၆
မှတ်တမ်း၊ သို့တည်းမဟုတ် စာချုပ်စာတမ်းကို ဝင်ရောက်ကြည့်ရှုနိုင်သည့်အခွင့်အရေး

စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်ကဖြစ်စေ၊ ထိုအာဏာပိုင်က ကြည့်ရှုရန်ကိစ္စအလို့ငှါ စာ ဖြင့်အာဏာလွှဲအပ်ထားသူတဦးတယောက်ကဖြစ်စေ၊ ဤအက်ဥပဒေအရ စာရင်းစစ်တမ်းများ ကောက် ယူရန်ကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေအရ အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်တစုံ တရာတင်သွင်းရန်ဆင့်ဆို ထားသူ၏ လက်ရှိသက်ဆိုင်ရာမှတ်တမ်း၊ သို့တည်းမဟုတ် စာချုပ်စာတမ်း တခုခုကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ ထိုပြင် ဤသို့သော မှတ်တမ်း၊ သို့တည်းမဟုတ်စာချုပ်စာတမ်းရှိ မည်ဟုမိမိယုံကြည်သော အဆောက်အအုံများသို့ သင့်တော်သည့်အချိန်၌ ဝင်ရောက်နိုင်သည့်ပြင်၊ ဤအက်ဥပဒေအရ တင်သွင်းရန်ဆင့်ဆိုထားသည့်အကြောင်းအရာတခုခု ရရှိနိုင်ရန်အလို့ငှါ မေးမြန်းလို သည့် ကိစ္စများကို လည်း မေးမြန်းစုံစမ်းနိုင်သည်။

ပုဒ်မ ၇
စာရင်းချုပ်များနှင့် အကြောင်းအရာများကိုထုတ်ပြန်ကြော်ငြာခြင်းနှင့် ပတ်သက်သည့်ကန့်သတ်ချက်
(၁) ဤအက်ဥပဒေပါကိစ္စများအလို့ငှါ တင်သွင်းထားသည့် စာရင်းချုပ်တခုကို၎င်း၊ ထိုစာရင်း၏ အ စိတ်အပိုင်းကို၎င်း၊ သီးခြားဖြစ်သောလုပ်ငန်းတခုခုနှင့်စပ်လျဉ်းသည့် အကြောင်းအရာကို၎င်း၊ အခါကာ လအားလျော်စွာ ထိုစာရင်းချုပ်၊ သို့တည်းမဟုတ် အကြောင်းအရာနှင့်ဆိုင်သောလုပ်ငန်း ပိုင်ဆိုင်သူက ဖြစ်စေ၊ ပိုင်ဆိုင်သူ၏ အာဏာရကိုယ်စားလှယ်ကဖြစ်စေ၊ သဘောတူကြောင်းစာကို ကြိုတင်မရရှိဘဲ၊ အကြောင်းတခုခုတည်းသီးခြားဖြစ်သော လုပ်ငန်းတခုကို ရည်ညွှန်းသည်ဟု ညွှန်ပြယူဆသိရှိနိုင်ရန် ဖေါ်ပြသည့် နည်းလမ်းမျိုးဖြင့် ထုတ်ပြန်ကြော်ငြာခြင်းမပြုရ။
(၂) ဤအက်ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီးဥပဒေအရဖြစ်စေ၊ တရားစွဲဆိုရန်ကိစ္စများမှတပါး၊ ဤ အက်ဥပဒေအရ စာရင်းစစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်သူ မဟုတ်သူ မည်သူကိုမျှ ပုဒ်မ ခွဲ (၁) တွင်ရည်ညွှန်းထားသည့် စာရင်းချုပ်၊ သို့တည်းမဟုတ် အကြောင်းအရာတစုံတရာကို ကြည့်ရှုခွင့် မပြုရ။
ပုဒ်မ ၈
ပြစ်ဒဏ်

တဦးတယောက်သောသူအား၊ အကြောင်းအရာတခုခု၊ သို့တည်းမဟုတ် စာရင်းချုပ်တခုခုကို တင် သွင်းရန် ဆင့်ဆိုသောအခါ၊ ထိုသူက-

(က) ဤအက်ဥပဒေအရ လိုအပ်သည့်အကြောင်းအရာ၊ သို့တည်းမဟုတ်စာရင်းချုပ်ကိုတင်သွင်းရန် တ မင်သက်သက်ငြင်းဆို၊ သို့တည်းမဟုတ် တရားသော အကြောင်းပြချက် မရှိဘဲ ပျက်ကွက်လျှင် သော်၎င်း၊
(ခ) မမှန်ဟု မိမိသိသော အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်တစုံတရာကို တမင်သက်သက် တင်သွင်း၊ သို့တည်းမဟုတ် တင်သွင်းစေလျှင်သော်၎င်း၊
(ဂ) ဤအက်ဥပဒေအရ တင်သွင်းရန်လိုအပ်သည့် အကြောင်းအရာတခုခု ရရှိရန်လိုအပ်သည့် မေးခွန်း တခုခုကို ဖြေဆိုရန်ငြင်းပယ်၊ သို့တည်းမဟုတ် တမင်သက်သက် မမှန်သော အဖြေကိုပေးလျှင် သော်၎င်း၊

တဦးတယောက်သောသူက၊ ပုဒ်မ ၆ အရပေးအပ်ထားသော သက်ဆိုင်ရာ မှတ်တမ်းများနှင့် စာချုပ်စာ တမ်းများကို ကြည့်ရှုနိုင်သည့်အခွင့်အရေး၊ သို့တည်းမဟုတ် အဆောက်အအုံတခုခုသို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကို တားမြစ်ပိတ်ပင်လျှင်သော်၎င်း၊ ထိုသူကို ပြစ်မှုအသီးသီးအတွက် တမှုကို ငါးရာထိငွေ ဒဏ်စီရင်ခြင်းခံထိုက်စေရမည်။ ထို့ပြင် ဆက်လက်ကျူးလွန်သည့် ပြစ်မှုတစုံတရာ ဖြစ်သည့် အချက် တွင်၊ ပဌမ ပြစ်မှုကျူးလွန်ပြီးနောက်၊ နောက်ထပ် ဆက်လက်ကျူးလွန်သော ပြစ်မှု၏ကာလအပိုင်းအ ခြားအတွက်တနေ့လျှင်နှစ်ရာထိ ငွေဒဏ်စီရင်ခြင်းခံထိုက်စေရမည်။ ထို့ပြင် မမှန်သောအကြောင်းအရာ၊ မမှန်သော စာရင်းချုပ်များ၊ သို့တည်းမဟုတ် မမှန်သော အဖြေများနှင့်စပ်လျဉ်း၍၊ ပြစ်မှုကို မှန်သောအ ကြောင်းအရာ၊ သို့တည်းမဟုတ် မှန်သောစာရင်းချုပ်၊ သို့တည်းမဟုတ် မှန်သောအဖြေများကိုရရှိသည် တိုင်အောင် ဆက်လက်ကျူးလွန်နေသည်ဟူ၍ မှတ်ယူရမည်။

ပုဒ်မ ၉
အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်များကိုနည်းလမ်းတကျ မဟုတ်ဘဲ၊ ပေါက်ကြား အောင်ပြုလုပ် ထုတ်ဖေါ်ပြောဆိုသည့်အတွက်ပြစ်ဒဏ်

ဤအက်ဥပဒေအရ စာရင်းကောက်ယူခြင်းနှင့် ပတ်သတ်၍၊ လုပ်ကိုင်သူတဦးတယောက်က၊ ဤ အက်ဥပဒေအရ အလုပ်ဝတ်တရားများကိုဆောင်ရွက်ရန်ကိစ္စများမှတပါး၊ သို့တည်းမဟုတ် ဤအက်ဥပ ဒေအရ ဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရဖြစ်စေ၊ ပြစ်မှုတစုံတရာအတွက် တရားစွဲဆိုရန် ကိစ္စများမှတ ပါး၊ ဤအက်ဥပဒေအရ ပေးသည့် အကြောင်းအရာတခုခုကိုဖြစ်စေ၊ တင်သွင်းသည့်စာရင်းချုပ်ပါ အကြောင်းအရာများကိုဖြစ်စေ၊ အစိုးရက စာရင်းကို ထုတ်ပြန်ကြော်ငြာခြင်းမပြုမှီ နည်းလမ်းမကျဘဲ တမင်သက်သက် ပေါက်ကြားအောင်ပြုလုပ်ထုတ်ဖေါ်ပြောဆိုလျှင်၊ ထိုသူသည် ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ တထောင်ထိငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

ပုဒ်မ ၁၀
ပြစ်မှုများကိုအရေးယူခြင်း

စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်ကဖြစ်စေ၊ ထိုအာဏာပိုင်၏အခွင့်အမိန့်နှင့်ဖြစ်စေ၊ စွဲ ဆိုသည်မဟုတ်လျှင်၊ ပုဒ်မ ၈ အရ၊ မည်သည့်တရားစွဲဆိုမှုကိုမျှ မပြုမလုပ်ရ။ ထို့ပြင် အစိုးရကဖြစ်စေ၊ အစိုးရအခွင့်အမိန့်နှင့်ဖြစ်စေ၊ စွဲဆိုသည်မဟုတ်လျှင်၊ ပုဒ်မ ၉ အရ၊ မည်သည့်တရားစွဲဆိုမှုကိုမျှမပြုလုပ် ရ။

ပုဒ်မ ၁၁
နည်းဥပဒေများပြုလုပ်ရန် နိုင်ငံတော်သမတ၏ အာဏာ
(၁) နိုင်ငံတော်သမတပြုလုပ်မည့် နည်းဥပဒေများကို အမိန့်ကြော်ငြာစာတွင် ကြိုတင်ထုတ်ပြန် ကြော်ငြာရမည်ဆိုသော စည်းကမ်းချက်ကို မဆန့်ကျင်ဘဲ၊ ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန် အလို့ငှါ နည်းဥပဒေများကို ပြုလုပ်နိုင်သည်။
(၂) အထက်ဆိုခဲ့သည့် အာဏာများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ပုဒ်မ၆ အရ၊ အပ်နှင်း ထားသောစာချုပ်စာတမ်းများ ကြည့်ရှုနိုင်သည့်အခွင့်အရေးနှင့် အဆောက်အအုံသို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကိုဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်ရန်နည်းဥပဒေများကို ဤပုဒ်မအရ ပြုလုပ်နိုင်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) စဝ်ရွှေသိုက်

နိုင်ငံတော်ယာယီသမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

သမ္မတအိမ်တော်၊ ရန်ကုန်မြို့။
၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၃ ရက်။
(၁၉၄၈ ခု၊ နိုဝင်္ဘာလ ၃ ရက်။)

အမိန့်အရ၊
ရွှေဘော်
နိုင်ငံတော်သမ္မတအတွင်းဝန်
[အမှတ် ၂၁၄]