Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ MBIT TestMBIT စစ်ဆေးရန်
Popular Assessment MBIT Level 3 MBIT Level 2 MBIT Level 1
EQ TestEQ စစ်ဆေးရန် Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey EQ Test EQ TestEQ စစ်ဆေးရန်
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy

အိပ်မက်မှသည် ထက်အာကာဆီသို့ — အပိုင်း ၁ — အိပ်မက်ကြီးကြီးမက်ပါ (Dream Big)

အိပ်မက်မှသည် ထက်အာကာဆီသို့ — အပိုင်း ၁ — အိပ်မက်ကြီးကြီးမက်ပါ (Dream Big)

မိခင်တစ်ယောက်အနေနဲ့ ကျွန်မ အမြဲ ယုံကြည်တာက — မိဘတွေဟာ ကလေးတွေအတွက် မှန်ကန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ ပြတိုက်၊ သိပ္ပံပြပွဲတွေ ခေါ်သွားခြင်း၊ စိတ်ကူးယဉ် ကစားစရာလေးတွေ ဝယ်ပေးခြင်းတွေက ကလေးတွေရဲ့ Dream big ကို ရှင်သန်စေပါတယ်။

စဉ်းစားဖို့ တစ်ခုရှိပါတယ်... ဒေသတွင်းက လူငယ်တွေအတွက် တိုးတက်မှု၏ ပထမခြေလှမ်းက "အိပ်မက်ကြီးကြီးမက်ပါ" (Dream big) တိုက်တွန်းခြင်းပါပဲ။

မိခင်တစ်ယောက်အနေနဲ့ ကျွန်မ အမြဲ ယုံကြည်တာက — မိဘတွေဟာ ကလေးတွေအတွက် မှန်ကန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ ပြတိုက်၊ သိပ္ပံပြပွဲတွေ ခေါ်သွားခြင်း၊ စိတ်ကူးယဉ် ကစားစရာလေးတွေ ဝယ်ပေးခြင်းတွေက ကလေးတွေရဲ့ Dream big ကို ရှင်သန်စေပါတယ်။

တကယ်တော့ မိဘမပေးနိုင်ရင်တောင် ကျောင်း၊ ဆရာ၊ ဆရာမတွေရဲ့ ညွှန်ကြားမှု (Guidance) နဲ့ သူငယ်ချင်းတွေရဲ့ သက်ရောက်မှု (Influence) က အိပ်မက်ကို မွေးထုတ်ပေးနိုင်ပါတယ်။ မရရင် စာကြည့်တိုက်နဲ့ မီဒီယာတွေကနေ Bill Gates၊ Einstein လို သူတွေရဲ့ ဇာတ်ကြောင်းတွေကို လေ့လာနိုင်ပါတယ်။

၁၈ ရာစုက ကောင်းကင်ပျံဖို့ ဆိုတာ စိတ်ကူးယဉ် တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ Wright Brothers ၏ ဇွဲကြောင့် ၁၉၀၈ မှာ လေယာဉ် ပေါ်ခဲ့တယ်။ ဒီနေ့ လူသား လကမ္ဘာ ရောက်နေပြီ။ ကြီးပွား တိုးတက်မှု၏ အစဟာ အိပ်မက်ကြီးကြီး မက်ခြင်းပါပဲ။

အိပ်မက်မက်ရာမှာ ၃ ချက် လိုအပ်ပါတယ် — ၁။ တိကျရှင်းလင်း ပြတ်သားရပါမယ် ၂။ စိတ်ထဲ စွဲမြဲအောင် ကြီးကြီး မက်ပါ ၃။ တစ်ခုတည်းကိုသာ စူးစိုက်ပါ

စီမံခန့်ခွဲမှုရှုထောင့်က ဒါကို မျှော်မှန်းချက် (Vision) နဲ့ လုပ်ငန်းစဉ် (Mission) လို့ ခေါ်ပါတယ်။

ဒါကြောင့် ကျွန်မ ထင်တာက လူငယ်တွေအနေနဲ့ ကိုယ့်အိပ်မက်ကို ရှင်းရှင်း ပြတ်ပြတ်၊ တစ်ခုတည်းကိုသာ ကြီးကြီး မက်ဖို့ပါပဲ။

(နောက်အပိုင်း — "ပြင်းပြတဲ့ ဆန္ဒတွေ ရှိပါ — Burning Desire")

ရွှင်လန်းချမ်းမြေ့ကြပါစေ။

#thinyanant #DreamBig #YouthInspiration #VisionAndMission #WrightBrothers #FromDreamsToTheSky

Share:
Back to Blogဆောင်းပါးများသို့