Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ MBIT TestMBIT စစ်ဆေးရန်
Popular Assessment MBIT Level 3 MBIT Level 2 MBIT Level 1
EQ TestEQ စစ်ဆေးရန် Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey EQ Test EQ TestEQ စစ်ဆေးရန်
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy

အိပ်မက်မှသည် ထက်အာကာဆီသို့ အပိုင်း (၄)_ဓားသွေးထားပါ (Sharpen Your Saw) အောင်မြင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

အိပ်မက်မှသည် ထက်အာကာဆီသို့  အပိုင်း (၄)_ဓားသွေးထားပါ (Sharpen Your Saw) အောင်မြင်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

တကယ်တော့ ကျွန်မတို့ အများစုက “ပိုကြိုးစားရမယ်” ဆိုတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ စတီဖင် ကိုဗေး (Stephen R. Covey) ပြောခဲ့သလို “ပိုထက်မြက်အောင် ပြင်ဆင်ရမယ်” ဆိုတာက ပိုအရေးကြီးပါတယ်။

ဒီနေ့တော့ အောင်မြင်မှုဆီ လျှောက်လှမ်းရာမှာ လူတော်တော်များများ မေ့လျော့နေတတ်တဲ့ “ဓားသွေးခြင်း (Sharpen Your Saw)” အကြောင်းကို စဉ်းစားဖို့ တစ်ခုရှိပါတယ်။

တကယ်တော့ ကျွန်မတို့ အများစုက “ပိုကြိုးစားရမယ်” ဆိုတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ စတီဖင် ကိုဗေး (Stephen R. Covey) ပြောခဲ့သလို “ပိုထက်မြက်အောင် ပြင်ဆင်ရမယ်” ဆိုတာက ပိုအရေးကြီးပါတယ်။

ကြည့်ရအောင်နော် — တုံးနေတဲ့ လွှနဲ့ သစ်ပင်ကို အတင်းဖြတ်နေရင် ပင်ပန်းတာပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ခဏနားပြီး လွှကို ထက်အောင် သွေးလိုက်ရင် အလုပ်က ပိုမြန်သလို ပိုထိရောက်သွားပါတယ်။ လူ့ဘဝမှာလည်း ဒီအတိုင်းပါပဲ။

Sharpen Your Saw ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း Update လုပ်နေဖို့ပါ။ Physical (ရုပ်ပိုင်းဆိုင်ရာ) ကျန်းမာရေး၊ Mental (စိတ်ပိုင်းဆိုင်ရာ) လေ့လာမှု၊ Social/Emotional (လူမှုရေးနဲ့ ခံစားမှု) ဆက်ဆံရေးနဲ့ Spiritual (နာမ်ပိုင်းဆိုင်ရာ) တည်ငြိမ်မှုတွေကို Balance ဖြစ်အောင် ထိန်းထားရပါတယ်။

လူငယ်တွေအတွက် စဉ်းစားရင် အခုခေတ်မှာ Skill တစ်ခုတည်းနဲ့ ရေရှည်ရပ်တည်ဖို့ ခက်လာပါတယ်။ AI နဲ့ နည်းပညာတွေက နေ့တိုင်း ပြောင်းလဲနေပါတယ်။ “အလုပ်များလို့ လေ့လာဖို့ အချိန်မရှိဘူး” ဆိုတာက တုံးနေတဲ့ လွှကိုပဲ ဆက်ကိုင်ထားတာနဲ့ တူပါတယ်။

ကျွန်မ သိတဲ့ လူငယ်တစ်ယောက် ရှိပါတယ်။ သူဟာ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အိပ်မက်ရှိခဲ့တယ်။ ဒါပေမဲ့ အိပ်မက်မက်နေရုံနဲ့ မရပ်ခဲ့ဘူး။ ဘာသာစကား လေ့လာတယ်၊ Communication Skill တွေ လေ့ကျင့်တယ်၊ နည်းပညာအသစ်တွေ သင်ယူတယ်။ အဲဒီ “ဓားသွေးထားခြင်း” ကပဲ သူ့ကို လုပ်ငန်းခွင်မှာ ယုံကြည်မှုရှိတဲ့သူတစ်ယောက် ဖြစ်လာစေခဲ့တာပါ။

PhD သုတေသနပြုနေတဲ့ အချိန်တုန်းက ကျွန်မ သဘောပေါက်ခဲ့တာတစ်ခု ရှိပါတယ်။ Fundamentals (အခြေခံအုတ်မြစ်) တွေကို အမြဲပြန်နွှေးနေတဲ့သူတွေက ရေရှည်မှာ ပိုတည်ငြိမ်ပါတယ်။ အသစ်တွေကို သင်ယူနေတဲ့သူဟာ အနာဂတ်ကို ကြောက်ရွံ့စရာ မလိုတော့ပါဘူး။

ဒါကြောင့် ကျွန်မ ထင်တာက — အောင်မြင်မှုဆိုတာ အခွင့်အရေးရောက်လာမှ အဆင်သင့်ဖြစ်တာ မဟုတ်ပါဘူး။ အခွင့်အရေး မရောက်ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင် ပြင်ဆင်ထားတာပါ။

အခုအချိန်မှာ သင်ဟာ ဘယ်လို “ဓားအသွား” တွေကို သွေးနေပြီလဲဆိုတာ Comment မှာ မျှဝေပေးသွားပါဦးနော်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

#thinyanant #TalkOutLoud #FromDreamsToTheSky #BurningTheBoats #Determination #SelfConfidence #Commitment #YouthInspiration

Share:
Back to Blogဆောင်းပါးများသို့