Homeပင်မ Aboutကိုယ်ရေး Researchသုတေသန
Digital Reports Digital 2025: Myanmar Digital 2026: Myanmar Research Tools AI Detector Turnitin Guide
Resourcesအရင်းအမြစ်
E-Book Labစာအုပ်များ Gov Linksအစိုးရဝက်ဘ်ဆိုက် DFM Dark WebDFM Dark Web Lawဥပဒေ
Blogဆောင်းပါးများ Surveyစစ်တမ်း
Research Surveys SME Digital Survey Weather Communication Survey MBIT Test MBTI Level 1 MBTI Level 2 MBTI Level 3 EQ Test EQ TestEQ Test
Contactဆက်သွယ်ရန်
Contact Usဆက်သွယ်ရန် Photosဓာတ်ပုံများ Privacy PolicyPrivacy Policy

ခေါင်းဆောင်မှုပုံစံများ — James David Barber ၏ Matrix

ခေါင်းဆောင်မှုပုံစံများ — James David Barber ၏ Matrix

Barber ၏ ၁၉၇၀ အတွေးအခေါ်ဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ပိုပြီး အသုံးတည့်လာပါတယ်။ PhD သုတေသနပြုနေတဲ့ အချိန်က ကျွန်မ သတိပြုမိတာက — ခေါင်းဆောင်တွေရဲ့ Digital Footprint၊ Voting Behavior၊ မီဒီယာပုံရိပ်တွေကနေ AI Pattern Analysis နဲ့ Data Analysis သုံးရင် သူတို့ ဘယ် Quadrant ထဲမှာ ရှိလဲ ဆိုတာ ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။

ကြည့်ရအောင်နော်... အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် James David Barber က ခေါင်းဆောင်တွေကို တက်ကြွမှုနဲ့ စိတ်ဓာတ်ပေါ် မူတည်ပြီး အဓိက ၄ မျိုး ခွဲခြားပြခဲ့ပါတယ်။
၁။ Active-Positive (တက်ကြွ + အကောင်းမြင်)
အလုပ်ကို ပျော်ရွှင်စွာ လုပ်ပြီး အပြုသဘောရလဒ် ဖန်တီးသူ။ စိန်ခေါ်မှုကို အခွင့်အလမ်း အဖြစ် မြင်ပြီး တိုင်းပြည်အကျိုး ဦးဆောင်လိုသူ။
၂။ Active-Negative (တက်ကြွ + အဆိုးမြင်)
အာဏာရရန် ပြင်းပြင်းထန်ထန် ကြိုးစားသော်လည်း ပျော်ရွှင်မှု မရှိ။ ကိုယ်ကျိုးနဲ့ အာဏာတည်မြဲရေးဆီ ဦးတည်တတ်။
၃။ Passive-Positive (အေးဆေး + အကောင်းမြင်)
လူချစ်လူခင်များ ဖြစ်အောင် နေထိုင်တတ်သော်လည်း ပဋိပက္ခ ရှောင်ရှား၊ အပြောင်းအလဲအတွက် အားနည်း။
၄။ Passive-Negative (အေးဆေး + အဆိုးမြင်)
တာဝန်သက်သက်ဖြင့်သာ ထမ်းဆောင်၊ စိတ်အားထက်သန်မှု မရှိ။ လက်ရှိအခြေအနေကို ထိန်းသိမ်းလို။
တကယ်တော့ Barber ၏ ၁၉၇၀ အတွေးအခေါ်ဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ပိုပြီး အသုံးတည့်လာပါတယ်။ PhD သုတေသနပြုနေတဲ့ အချိန်က ကျွန်မ သတိပြုမိတာက — ခေါင်းဆောင်တွေရဲ့ Digital Footprint၊ Voting Behavior၊ မီဒီယာပုံရိပ်တွေကနေ AI Pattern Analysis နဲ့ Data Analysis သုံးရင် သူတို့ ဘယ် Quadrant ထဲမှာ ရှိလဲ ဆိုတာ ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မ ထင်တာက — အချက်အလက်ကို အခြေခံတဲ့ ဆန်းစစ်မှုတွေက ယုံကြည်မှု ပြည့်ဝတဲ့ အုပ်ချုပ်ရေးကို ဖန်တီးပေးနိုင်တယ် ဆိုတာပါပဲ။
မိတ်ဆွေတို့ရော Barber Matrix အရ ပတ်ဝန်းကျင်က ခေါင်းဆောင်တွေကို ဘယ် Quadrant ထဲ မြင်ကြပါသလဲ။ ဆွေးနွေးကြည့်ကြရအောင်နော်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
#thinyanant #JamesDavidBarber #LeadershipTypology #PoliticalPsychology #DataDrivenPolitics #digitaldemocracy

Share:
Back to Blogဆောင်းပါးများသို့